စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ ရွှေချောင်းနဲ့ ဒေါ်လာတွေရယူထားတယ်ဆိုတဲ့ အဂတိမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် နိုဝင်ဘာ ၅ ရက်နေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က တရားလို ပြသက်သေအဖြစ် ထွက်ဆိုသွားဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုလေးမှုထဲက နံပတ် ၂ အမှုဖြစ်တဲ့ ရွှေချောင်းနဲ့ဒေါ်လာတွေရယူထားတယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စွဲရဲ့ စွဲချက်မှန်ကန်ကြောင်း ထွက်ဆိုထားပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံကိုစွဲဆိုထားတဲ့ အဂတိအမှု ၄ မှုထဲက ၂ မှုကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၅ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ အမှုနံပတ် ၃နဲ့ ၄ ကိုစစ်ဆေးခဲ့ပြီး နေပြည်တော် စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အဓိကစစ်မေးခြင်းဆောင်ရွက်ခဲ့ပါတယ်။
ဦးစိုးနိုင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေတွေ အပြန်အလှန်စစ်မေးခြင်းကိုတော့ နောက်ရုံးချိန်း နိုဝင်ဘာ ၅ ရက်နေ့မှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အမှုနံပတ် ၃ နဲ့ ၄ ကို စစ်ဆေးနေရတဲ့အတွက် အမှုနံပတ် ၂ နဲ့ ၅ကိုတော့ ဒီနေ့မှာ စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ အမှုအားလုံးကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအပါအဝင် စုစုပေါင်းအမှု ၁၁ မှုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။
Photo Credit- ChiefMinisterOffice