ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒလန် တယောက်ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ် ရှင်းလင်းခဲ့တယ်လို့ ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့ Pathein Special Task Force က ထုတ်ပြန်ပါတယ်။
ပုသိမ်မြို့ ဘူတာစျေးမှာ ဒီနေ့မနက် ၇ နာရီခွဲအချိန်မှာ စစ်တပ်သတင်းပေး ဒလန်ချိုဝင်းကို သေနတ်နဲ့ အနီးကပ် ၄ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
"တော်လှန်ရေး ဆူးငြောင့်ခလုတ်တစ်ခုဖြစ်တာကြောင့် စစ်ကောင်စီ သတင်းပေး ဒလန် ချို၀င်း ကို ရှင်းလင်းတာဖြစ်တယ်။ ပုသိမ်မြို့ရှိ ဆူးငြောင့်ခလုတ်ထောက်တိုင်တွေကို ဆက်လက်ရှင်းလင်း မယ် "လို့ ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အခင်းဖြစ်နေရာမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေ လာရောက်စစ်ဆေးတာတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။
ပုသိမ်မြို့က ပြည်သူလူထုအနေနဲ့ အခွင့်ရေးရရင်ရသလို ရတဲ့နေရာကနေ ကူညီပေးကြဖို့လည်း ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ မနက်ပိုင်းအထိ စစ်တပ်အမာခံသတင်းပေး ၃ ယောက်အထိ ရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။