Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီး
DVB
·
October 20, 2021
246644720_1231809390628778_1382430959992141442_n
242999032_1231809280628789_3689310501621041759_n
247320182_1231809500628767_8201278020206240498_n
247113699_1231809427295441_1931398656686802464_n

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ  အောက်တိုဘာ ၁၉ ရက်က ကာပေါင်းကျ ကျေးရွာဘက် စစ်ကူလာတဲ့ ယာဉ်တန်းနဲ့ မြို့နယ်အတွင်းလှုပ်ရှားနေတဲ့စစ်ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ပျက်စီးသွားကာ  စစ်သားတချို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညဦးပိုင်းက ကပေါင်းကျရွာတပ်စွဲထားတဲ့စစ်တပ်ကို တော်လှန်ရေးတပ်ပေါင်းစုတွေ က ဝိုင်းတိုက်တာ စစ်တပ်ဘက်က နှစ်ဦးသေတယ် PDF ဘက်က တစ်ဦး ဒါဏ်ရာရတယ်။ အဲဒီရွာကို စစ်ကူလာတဲ့ကားကိုမိုင်းခွဲခံရတယ်လို့တော့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေဦးကနေ ကပေါင်းကျဘက်စစ်ကူလာတဲ့ ကားကြီး ၂ စီး၊ ကားလေး ၃ စီးကို၊ တန့်ဆည်မြို့နယ် ရွှေတကျေးကျေးရွာအနီးမှာ ဒေသခံ PDF တွေက ည ၈ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားလေး ၂ စီး မောင်းလို့မရအောင် ပျက်စီးသွားပြီး ကျန် ၃ စီးကတော့ တန့်ဆည်မြို့ဆီ ပြန်ဝင်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ည ၁၂ အချိန်ခန့်မှာလည်း တန့်ဆည်ကနေ ကံထူးမ စခန်းသွားတဲ့ စစ်ကားကြီးတစ်စီး ကားလေးတစ်စီးကို ငနုချောင်းလမ်းခွဲအနီးမှာ ဒေသခံ PDF တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားလေးတစ်စီးထိခိုက်ပျက်စီးသွားပြီး အသေအပျောက်ရှိနိုင်ပေမယ့် စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ဒေသခံ PDF တွေဟာ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်တာ၊ ခြုံခိုတိုက်ခိုက်တာနဲ့ ပြောက်ကျား တိုက်ခိုက်တာတွေ ပြုလုပ်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အသွားအလာဆင်ခြင်ကြဖို့ကိုလည်း ကြိုတင်သတိပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024