Home
မြန်မာသတင်း
နိုင်ငံရေးအကျဥ်းသား ၁၇၀ ခန့် မကွေးအကျဥ်းထောင်မှ ပြန်လွတ်
DVB
·
October 19, 2021
246018029_2687967524838025_2700481385728103803_n
245565240_2687967561504688_8230190705548841879_n
245517847_2687967901504654_4023629752913237728_n
241426528_2687967758171335_6662908868813441729_n
241407253_2687968101504634_8749338699383231943_n
241373926_2687968154837962_1008416565492679300_n
241292377_2687968058171305_3862733339000915389_n
241180563_2687967308171380_7683393038514961290_n
241169474_2687968014837976_8239388664412776111_n
241025832_2687967618171349_4550404376327863213_n

မကွေးအကျဥ်းထောင်မှာ အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် နိုင်ငံရေးအကျဥ်းသားအယောက် ၁၇၀ လောက် ပြန်လွတ်လာတယ်လို့ မကွေးမြို့နယ် ရှေ့နေများ အသင်းဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက လူဦးရေ ၁၇၀ လွှတ်မယ်ဆိုပြီး နာမည်တွေခေါ်ကာ တစ်သုတ်ပြီးတစ်သုတ် လွှတ်လိုက်တာလို့ နိုင်ငံရေးအကျဥ်းသားတွေကို အခမဲ့အကျိုးဆောင်ပေးနေတဲ့ မကွေးမြို့နယ်ရှေ့နေများအသင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ကပြောပါတယ်။

ဗဟိုအကျဥ်းဦးဌာနက ညွှန်ကြားတဲ့အတိုင်း သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကို နာမည်စာရင်းတွေနဲ့ ထုတ်ပြီးတော့ မနက်ဖန်နဲ့ နောက်ရက်တွေမှာလည်း ထပ်ပြီးတော့ လွှတ်ပေးမယ်လို့ ကြားသိရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကတော့ မနေ့က လွတ်လာတာဖြစ်ပြီး မကွေးမြို့ သပိတ်ခေါင်းဆောင် ဦးနေမျိုးကျော်ကတော့ ပုဒ္မ-၅၀၅(က)အမှုအတွက် လွတ်မြောက်ပြီးတော့ ဘေးစီမံ ပုဒ်မ-၂၅ နဲ့ အမှုဆက်လက်ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ရေနံချောင်းအခြေစိုက် Tomorrow ဂျာနယ် သတင်းထောက်ဟောင်း အလွတ်တမ်း သတင်းထောက် ကိုအောင်ကျော်ဦး ပြန်လည်လွတ်မြောက်လာပြီး မကွေး(ပို့စ်) သတင်းထောက် ဦးတင်ရွှေ(မင်းဘူး)ကတော့ ပြန်မလွတ်သေးဘူးလို့ မကွေးအခြေစိုက် သတင်းထောက်တစ်ယောက်က ပြောပါတယ်။

မကွေးတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုနောင်သူရိန်၊ ကိုဗသိန်းတင်၊ ကိုမျိုးသန့်ဇင်၊ ကိုမင်းသီဟကျော်၊ ကိုဟိန်ထက်ဦးနဲ့ မဇူးမေလွင်တို့ ၆ ယောက်နဲ့ မကွေးနည်းပညာတက္ကသိုလ် ကျောင်းသား ကိုမင်းပြည့်စုံနဲ့ ကျောင်းသားဟောင်း ကိုချစ်ဝင်းမောင်တို့လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သွားရောက်ကြိုဆိုတဲ့သူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ရေနံချောင်းတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုဖြိုးဝေသစ်၊ မဇွန်သင်းကြည်နဲ့ ဒေသခံပြည်သူတစ်ယောက်ဖြစ်တဲ့ မမြင့်မြတ်သော်တို့ ၃ ယောက်လည်း ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024