ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ နီးပါး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဘုရားကြီးကုန်းကျေးရွာ ပေါက်ကုန်းလမ်းမကြီးပေါ်မှာ မနက် ၁၁ နာရီလောက် ရန်ကုန်ကနေ မူးယစ်ဆေးဝါးလာရောင်းချသူတွေကို စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြားနဲ့အတူ ဖမ်းမိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
“ဖမ်းမိတာ အားလုံးဆို ၁ သောင်းနီးပါပေါ့၊ တန်ဖိုးကတော့ သိန်း ၃ဝဝ လောက်ရှိမယ်။ ခန့်မှန်းပြောရတာ လောလောဆယ်တော့ စစ်ဆေးနေတုန်းပါ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ အမျိုးသား ၃ ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ မူးယစ် (ပ) ၃/ ၂၀၂၁၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးနေတယိလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ မူးယစ်ဆေးဝါး သိန်းရာကျော်ဖမ်းမိတာ ၂၀၂၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။