Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အန်အယ်လ်ဒီပါတီ ထောက်ခံသည့် နေအိမ် ၂ အိမ် ချိတ်ပိတ်ခံရ
DVB
·
October 12, 2021
245233506_171899931771446_7995226884693093833_n

မွန်ပြည်နယ်၊ ရေးမြို့နယ်  အစင်စံပြကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံတဲ့ နေအိမ် ၂ အိမ်ကို အောက်တိုဘာ  ၁၁ ရက်  မနက်က စစ်ကောင်စီ တပ်တွေက အရပ်ဝတ်နဲ့ လာပြီး နေအိမ်ကို ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေဟာ ဦးစိုးမိုးအောင်နဲ့ ဦးစိုးနိုင်တို့ရဲ့နေအိမ်တွေဖြစ်ကြပြီး အိမ်ရှင် နှစ်ဦး လုံးဟာ အန်အယ်လ်ဒီ ထောက်ခံကြတဲ့သူတွေဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးလာခဲ့တာကြောင့် ဒီနေ့အထိ မိသားစုလိုက် ရှောင်တိမ်းနေကြတာပါ။

ဦးစိုးမိုးအောင်ရှောင်တိမ်းနေစဉ် ကာလအတွင်းနေအိမ်မှာ လာနေပေးတဲ့ ဦးစိုးမိုးအောင်ရဲ့ တူမဖြစ်သူကိုလည်း  စစ်ကောင်စီက မနေ့က ဖမ်းဆီးသွားပြီး ဒီမနက်ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။

အဆိုပါနေအိမ်  ၂ လုံးရဲ့ အိမ်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးဖို့ အလိုရှိသူတွေဖြစ်ကြပြီး အိမ်ရှင်တွေကလည်း မရှိတော့တဲ့အတွက်  အခုလို နေအိမ် ၂ လုံးကို ချိတ်ပိတ်ခံထားရပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းတွေမှာ အန်အယ်လ်ဒီအမတ်တွေရဲ့  နေအိမ်တွေနဲ့  အန်အယ်လ်ဒီ  ပါတီ အားပေးထောက်ခံတဲ့ နေအိမ်တွေကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024