Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ဆိုင်ကယ်စီးလူငယ် ၄ ဦးကို စစ်တပ်က ရိုက်နှက်
DVB
·
October 11, 2021
244746320_846829269224439_7892882335725048113_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို မိုင်းလုံအောက်ရွာလမ်းကနေ ဝင်လာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ယောက်ကို  အောက်တိုဘာ ၁၁ ရက်နေ့ခင်းပိုင်းက စစ်ကောင်စီတပ်တွေက ဆိုင်ကယ်  ရပ်ခိုင်းပြီး သွေးထွက်သံယိုဖြစ်တဲ့အထိ  ရိုက်နှက်ကြတယ်လို့ ဒေသခံမျက်မြင်တွေ့သူက ပြောပါတယ်။

"ဒီနေရာက အရင်ကမစစ်ဘူး။ ဂိတ်လည်း မရှိဘူး။ ခုက သတင်းရလို့ထင်တယ်။ စစ်သား တွေလည်း အရောက် ကောင်လေးတွေလည်း အရောက်ပဲ။ သေနတ်တွေနဲ့လည်း ရိုက်ပြီး ကန်သေးတယ်။ ရိုက်ခံရတဲ့ လူငယ်တွေက ထ​တောင်မထနိုင်တော့ဘူး" 

ရိုက်နှက်ခံရတဲ့လူငယ်တွေက အနီးအနားရွာကလူတွေ မဟုတ်တာ​ကြောင့် ခရီးသွားတဲ့သူတွေလို့ပဲ ယူဆရကြောင်းကို အနီးအနား က​ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာလည်း အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းက လမ်းမှာ ကျနေတဲ့အထုပ်တထုပ်ကို စစ်ကောင်စီတပ်တွေက ဗုံးလို့ယူဆပြီး သေနတ်နဲ့ ပစ် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024