ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ကို အောက်တိုဘာ ၉ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ်ဆိုတဲ့ သတင်းကြောင့် စနေနေ့ရုံးပိတ်ရက်ဖြစ်ပေမဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရုံတွေမှာ သွားစောင့် နေရတယ်လို့ ဝန်ထမ်းတချို့ဆီက သိရပါတယ်။
ဧရာဝတီတိုင်းစစ်ကောင်စီက ဌာဆိုင်ရာရုံးတွေမှာစောင့်နေကြဖို့ အမိန့်ထုတ်ညွှန်ကြားခဲ့တာကြောင့် ဒီမနက် ၁၀ နာရီကစတင်ကာ ရုံးမှာ စောင့်နေရတာဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတွေက ပြောပါတယ်။
“မနက်ကတည်းက စောင့်နေရတာ ခုထိတော့ ဘယ်သူမှ လာတယ် မကြားသေးဘူး။ ညနေပိုင်း ကြားတာတော့ နက်ဖြန်မှ ရုံးတွေ လိုက်စစ်မယ် ပြောတယ်။ ဌာနဆိုင်ရာ အားလုံး စောင့်နေရတာ”လို့ ဝန်ထမ်းတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်လာမယ့် သတင်းထွက်ပေါ်ပြီးနောက်ပိုင်း ပုသိမ်မြို့ရဲ့ လမ်းမ အတော်များများမှာနဲ့ လူစည်ကားရာနေရာတွေမှာ စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး တင်းကျပ်စွာချထားပါတယ်။