Home
မြန်မာသတင်း
တရက်တည်း စစ်အုပ်စု၏ ပစ်မှတ် ၂၉ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅၀ ခန့်သေဆုံး
DVB
·
October 9, 2021
240589117_205767074977265_5309972967669464276_n (1)

မြန်မာနိုင်ငံဒေသတချို့မှာ အောက်တိုဘာ ၈ ရက်က စစ်အုပ်စုရဲ့ ပစ်မှတ် ၂၉ ခုကို ဒေသခံ PDF တပ်တွေနဲ့ တိုင်းရင်းသားတပ်တွေက  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ နီးပါး သေဆုံးသွားတယ်လို့ NUG ရဲ့ ဒီနေ့ထုတ်ပြန်တဲ့  ပြည်သူ့ခုခံစစ် အချက်အလက်တွေအရ သိရပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ရန်သူ့စစ်ရေးပစ်မှတ် ၁၈ နေရာ၊ အုပ်ချုပ်ရေးပစ်မှတ် ၇ နေရာနဲ့ စီးပွားရေးပစ်မှတ်  ၄ နေရာ စုစုပေါင်း ၂၉ နေရာတို့ကို  တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၄၇ ယောက်သေဆုံးပြီး မိုင်းဆွဲ တိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကာ  တကယ့် မြေပြင် သတင်းအချက်အလက်တွေက ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် စတင် ဆင်နွှဲကြောင်း စက်တင်ဘာ ၇ ရက်မှာ NUG က ကြေညာထားပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် နယ်မြို့ တချို့မှာ ဆက်ရှိနေပါတယ်။

Photo- NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024