Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းမြို့၌ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံရ
DVB
·
October 7, 2021
243400712_1197776730706668_8201738086627143331_n

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ  အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တယောက် ဓားနဲ့ထိုး အသတ်ခံခဲ့ရပါတယ်။

အမှတ် ၁၀ ရပ်ကွက်နေ ကိုမင်းမင်းဦး ဆိုသူကို ည ၉ နာရီကျော်လောက်မှာ အမည်မသိသူတဦးက ဓားနဲ့အနီး ကပ်ထိုးသွားတာကြောင့် မော်ကျွန်းကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက ပြည်သူ့စစ်ထဲဝင်ပြီးတော့ မြောက်ကြွ မြောက်ကြွ ဖြစ်နေတာပေါ့ ရပ်ကွက်ထဲမှာ။ ပြီးတော့ ဒလန်လုပ်ပြီး သတင်းပေးလုပ်နေတာ”လို့ မြို့ခံတယောက်က  ပြောပါတယ်။

ဓားနဲ့ ထိုးသူကိုလည်း စစ်တပ်က ဖမ်းမိသွားပြီး ရပ်ကွက်ထဲမှာ ဆဲဆိုကြိမ်းမောင်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဗုံးပေါက်ကွဲတာတွေ ရှိခဲ့ပေမဲ့ ခုလို စစ်အုပ်စုသတင်းပေးရှင်းလင်းခံရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024