စစ်ကိုင်းမြို့နယ်ထဲက စစ်ကောင်စီထောက်တိုင် မိုင်တဲလ် ဆက်သွယ်ရေးရဲ့ တာဝါတိုင် ၂ ခု စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ် တောင်ကြားရွာအနီးရှိ မိုင်တဲလ် တာဝါတိုင်ဟာ ညနေ ၆ နာရီကျော်အချိန်နဲ့ ပေါင်းမရွာအနီးရှိ မိုင်တဲလ် တာဝါတိုင်ဟာ ည ၇ နာရီကျော်အချိန်လောက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာလို့ ဆိုကြပါတယ်။
အဲ့ဒီလို စစ်ကောင်စီထောက်တိုင် မိုင်တဲလ် ဆက်သွယ်ရေးရဲ့ တာဝါတိုင် ၂ ခုကို ဖောက်ခွဲတာဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က လုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PDFA) ဟာ အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေနဲ့ သတင်းပေးဒလန်တွေ ရှင်းလင်းနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။