ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေးလမ်းပေါ်ရှိ ဆိုဇန်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်က မိုးများပြီး မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။
မြေပြိုမှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားကာ ၄ လုံး ပြောင်းရွှေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆိုဇန်ရွာအနီး ကားလမ်းတနေရာမှာလည်း မြေပြိုကျလို့ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မယ့် အနေအထားရှိနေပါတယ်။
ချင်းပြည်နယ်မှာ မိုးရာသီကာလ မကြာခဏ မြေပြိုကျမှုတွေဖြစ်ပွားလေ့ ရှိပါတယ်။ ချင်းပြည်နယ်မှာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံးမြေပြိုမှုကို မြို့တော် ဟားခါးမြို့မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။
Photo: Huailek