အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ ယူနီဖောင်းဝတ်ပြီးမှလာဖမ်းဖို့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အကသ သပိတ်စစ်ကြောင်းက စိန်ခေါ်လိုက်ပါတယ်။
လောင်းလုံးမြို့နယ်အတွင်း လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ခိုးကြောင်ခိုးဝှက် လာရောက် ပစ်ခတ်ဖြိုခွင်းနေတာကြောင့် ခုလို စိန်ခေါ်ခဲ့ကြတာလို့ ဆိုပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းသူ/ကျောင်းသားများ ပူးပေါင်းပါဝင်တဲ့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အကသ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြခဲ့သလို ဒီနေ့လည်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံ - DMSC-Dawei