Home
မြန်မာသတင်း
ပုသိမ်တွင် စစ်တပ်သတင်းပေး သေနတ်ဖြင့်အပစ်ခံရ၊ စစ်ကား ၈ စီးဖြင့် ပိတ်ဆို့စစ်ဆေး
DVB
·
September 24, 2021
242403930_1189114888239519_2888210500374236311_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက် ညောင်ချောင်းကျေးရွာမှာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စစ်တပ်အမာခံသတင်းပေး ၁ ဦး သေနတ်နဲ့ အပစ်ခံခဲ့ရပြီးနောက် ကျေးရွာကို စစ်ကား ၈ စီးနဲ့ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အမာခံသတင်းပေး အမျိုးသား ကိုကျော်သိန်းထွန်း နေအိမ်မှာ ရှိနေချိန် ညနေ ၅ နာရီလောက်က သေနတ်နဲ့ ၂ ချက်လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးကပြောပါတယ်။

"သူ့အိမ်မှာပဲ သေနတ်နဲ့လာပစ်သွားတာ သွေးအိုင်ထဲလဲနေတာ တွေ့တယ်၊ သေလား ရှင်လားတော့ မသိဘူး၊ ဆေးရုံကားနဲ့ခေါ်သွားပြီ။ ခုတော့ စစ်သားတွေ ၂၀၀ လောက်ရောက်လာပြီး စစ်ဆေးတာ တွေ လုပ်နေတယ်'' လို့ ပြောပါတယ်။

စစ်တပ်အမာခံသ တင်းပေးအမျိုးသားဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းမှာ ကျေးရွာကို စစ်ကား ၈ စီးနဲ့ စစ်သားအင်အားအပြည့်ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်နေသလို ဧည့်စာရင်းစစ်ဖို့လည်းရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အမာခံ သတင်းပေး သေနတ်နဲ့ပစ်ခတ်ခံရတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024