Home
မြန်မာသတင်း
ခင်ဦးမြို့နယ်က လယ်ဧက နှစ်သောင်းကျော် ရေကြီးနစ်မြုပ်
DVB
·
September 22, 2021
Khin U water float ၆
Khin U water float 7
Khin U water float 8
Khin U water float 9
Khin U water float 10
Khin U water float 11
Khin U water float 12
Khin U water float 13
Khin U water float 14
Khin U water float 1
Khin U water float 2
Khin U water float 3
Khin U water float 4
Khin U water float 5

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ မူးရေသောက် လယ်ဧက နှစ်သောင်းကျော် ရေကြီးနစ်မြုပ်ပြီး ကုန်ထုတ်လမ်းတံတားတွေလည်း ကျိုးပျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “အခုအချိန်ကတော့ ထန်းပင်လောက်ပဲမြင်တော့တယ်။ မူးရေ၊ ချောင်းရေ၊ မြောင်းရေအားလုံး ရေလျှံပြီး မိုးစပါးလယ်ဧကတွေ နစ်မြုပ်ကုန်တယ်။ တချို့မြောင်းဘောင်ကျိုးကျတဲ့ နေရာတွေဆိုရင် သဲနုံးတွေဖုံးပြီး လုံးဝပျက်စီးသွားပြီ။ ကျနော်တို့ ခင်ဦးမြို့ရဲ့ အနောက်ဘက်တကျောက မူးရေသောက်လယ်တွေဆိုတော့ အားလုံးမြုပ်တာ ဧက နှစ်သောင်းကျော်လောက်တော့ရှိမယ်၊ နောက်လှည်းကူးတံတားတွေလည်း ရေစီးထဲ မျောပါကုန်တယ်” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်တွေက မိုးရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာ ရေကြီးနေသလို မိုးစပါး လယ်ဧကတွေလည်း နစ်မြုပ်နေတာပါ။

တချို့လယ်တွေရေမြုပ်တာ ၃ ရက်ခန့်ရှိနေပြီး နောက်ထပ် ၃/၄ ရက်လောက်မှ ရေမကျပါက လုံးဝပျက်စီးနိုင်ကာ အခုကို သဲနုံးထိုးခံရတဲ့ လယ်ဧက ၅၀ ထက်မနည်းရှိနိုင်တယ်လို့ င်တယ်လို့ ဒေသခံက ပြောတယ်။ 

လက်ရှိမှာ ရေကြီးနစ်မြုပ်နေတာကြောင့် ပျက်စီးဆုံးရှုံးမှု ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ ဆိုပါတယ်။

ခင်ဦးအရှေ့မြောက်ဘက် မိုးကောင်းတောဒေသမှာရှိတဲ့ အေဒီ ၅၀၀ ခန့်က တူးဖော်ခဲ့တဲ့ ပင်တင်း တဖက်ဆည်ဟာလည်း ဒီနေ့မနက်ပဲ ဆည်ရိုးကျိုးပေါက်ခဲ့လို့ ဆည်အောက်က မိုးစပါးလယ်ဧက ၅၀၀ လောက် နစ်မြုပ်ကုန်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024