မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်တစ်ယောက်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆင်းချောင်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင် နိုင်လင်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေနေကိုတော့ အကြမ်းဖက်စစ်အုပ်စုတွေ ရောက်ရှိနေတာကြောင့် မသိရသေးဘူးလို့ ဒေသခံတစ်ယောက်က DVB ကိုပြောပါတယ်။
အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာမရှိသေးဘဲ ဆင်ချောင်းရွာမှာတော့ အကြမ်းဖက်စစ်အုပ်စုတွေ ရှာဖွေစစ်ဆေးတာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် နိုင်လင်းဟာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီးတော့ ဘေးပတ်ဝန်းကျင်ရွာတွေက အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။