သာကေတမြို့နယ် ဈေးတွေထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက “လုံးဝ လွတ်မြောက်ရေးကို တိုက်ယူကြ၊ သွေးကြွေးကို သွေးနဲ့တောင်းကြ” စာရွက်တွေဖြန့်ကြဲပြီး ပြည်သူလူထုကို နှိုးဆော်တဲ့ camping တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့မနက်ပိုင်းက ဈေးအတွင်း လူစည်ကားချိန်မှာ တော်လှန်လူငယ်တစုကနေပြီး စာရွက်များ ဖြန့်ကြဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
“ပြည်သူလူထုတရပ်လုံး လွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ်အား တွန်းလှန်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ အခုလို ပြုလုပ်ခဲ့ကြတာ” လို့ ပါဝင်သူလူငယ်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ပြောက်ကျားဆန္ဒပြလူငယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့ ကြားထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။
Photo- AMM