Home
မြန်မာသတင်း
စဉ့်ကိုင်မြို့အနီး ရထား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
September 19, 2021
242290922_536343614108501_2041233512027453072_n

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့အနီးမှာ စက်တင်ဘာ ၁၉ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်က ကျောက်ဆည်မြို့နဲ့ စဥ့်ကိုင်မြို့ကြားရှိ ပတ္တာရွာအနီးမှာ ရထားတစ်စီး ဖြတ်သန်းသွားလာစဥ် မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ မီးရထားဝန်ထမ်းတွေနဲ့  ဒေသခံတွေထံက သိရပါတယ်။

ရထားဝန်ထမ်းတစ်ဦးက “ခေါင်းတွဲအပါအဝင် တွဲနှစ်တွဲ ထိခိုက်ပျက်စီးခဲ့ပြီး ခရီးဆက်မရဘဲ ရပ်နားထားရတယ်။ ရထားသံလမ်း ပေအနည်းငယ် ချို့ယွင်းခဲ့ကာ လိုက်ပါလာသူ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးဗျ။ စက်မောင်းတဲ့သူပဲ ဒဏ်ရာရရှိခဲ့တာ” လို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာခင်မှာ စဉ့်ကိုင်ရဲစခန်းက စစ်ကား အကြီး အသေး နှစ်စီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား လာရောက် စစ်ဆေးနေတယ်လို့လည်း ရထားဝန်ထမ်းဆီကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ဒေသခံ ကျောက်ဆည်ပြည်သူ့တော်လှန်ရေးအဖွဲ့က ပြုလုပ်ခဲ့တာလို့ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024