Home
မြန်မာသတင်း
မိုင်တဲလ်တာဝါတိုင် ၂ ခုကို ရေး PDF ဖောက်ခွဲဖျက်ဆီး
DVB
·
September 19, 2021
242283295_156363353325104_6175768068123217657_n
242182186_156364373325002_842542508026737948_n
242164212_156363879991718_8578644581205979245_n
242029008_156363923325047_5518080562523846408_n

မွန်ပြည်နယ် ရေးမြို့နယ်က  မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင် ၂ ခုကို စက်တင်ဘာ  ၁၈ ရက်ညက ဖျက်ဆီးခဲ့တယ်လို့ ရေး PDF က ထုတ်ပြန်လိုက်ပါတယ်။

အောင်သပြေကျေးရွာ နဲ့ ခေါဇာမြို့နယ်ခွဲက တာဝါတိုင်တွေကို မိုင်းခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရေးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ရက်တွေက ကျောက် မိချောင်းတောင်ကျေးရွာနားက မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် ပေါင်း ၂၀၀၀ ကျော်အနက်  ဒေသဆိုင်ရာ PDF တွေက တာဝါတိုင်  ၈၀ လောက် ဖျက်ဆီးထားခဲ့ပြီးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024