Home
မြန်မာသတင်း
ရေးမြို့နယ် ကျေးရွာအချို့တွင် လက်နက်ကိုင်အဖွဲ့က တရားမဝင် ငွေကြေးကောက်ခံနေ
DVB
·
September 17, 2021
242230301_155158173445622_2918998262170667961_n

မွန်ပြည်နယ်  ရေးမြို့နယ် တောင်ပိုင်း ကျေးရွာဖြစ်တဲ့ ကျုံကညာ ကျေးရွာဒေသခံတွေဆီမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တရားမဝင် ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက  ကျုံကညာကျေးရွာရှိ ရွာသူရွာသားတွေဆီက ကျပ်သိန်း ၂၀၀ လောက်ကို မွန်လက်နက်ကိုင် အမည်ခံထားတဲ့အဖွဲ့က ကောက်ခံသွားကြတယ်လို့  မွန်လူ့အခွင့်ရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။

အဆိုပါ မွန်အမည်ခံ လက်နက်ကိုင်အဖွဲ့မှာ ကျုံကညာရွာအပြင် ရေးတောင်ပိုင်းဒေသရှိ မိထောလှာကြီး၊ မိထောလှာငယ်၊ မန်ကျည်းကျေးရွာတွေမှာ ဒေသခံတွေဆီကနေ တရားမဝင် ငွေကြေးကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

မွန်အမည်ခံ လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေတဲ့ နယ်မြေအနီးနားမှာ တပ်မတော် အခြေစိုက် ခလရ ၃၁ တပ်ရင်း စခန်းလည်းရှိတယ်လို့ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ ခြံတွေရဲ့ ဝင်ငွေအပေါ် မူတည်ပြီး ဆက်ကြေးသဘောမျိုး ကောက်ခံနေကာ ကျုံကညာရွာက ဒေသခံတွေဟာ ၁ ဦးကို အနည်းဆုံး ငွေကျပ် ၇ သောင်းကနေ အများဆုံး ကျပ် ၁ သိန်းအထိ ပေးဆောင်ခဲ့ရတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေးတောင်ပိုင်းရှိ ငွေကြေး ကောက်ခံထိတဲ့ ရွာတွေမှာ မွန်ကျေးရွာတွေ အများဆုံး ဖြစ်ပြီး တရားမဝင်ငွေကြေးကောက်ခံနေရတာ မကြာခဏပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024