ခင်ဦးမြို့နယ်အတွင်းက Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
September 16, 2021
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဒန်းကုန်းကျေးရွာအနီးက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၅ ရက်ညဦးပိုင်းက မိုင်းခွဲဖျက်ဆီးသွားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
Mytel တာဝါတိုင်ကို ည ၉ နာရီခန့်က မိုင်းခွဲဖျက်ဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တာဝါတိုင်ကို ဘယ်အဖွဲ့က မိုင်းခွဲဖျက်ဆီးတယ်ဆိုတာ မသိရသေးဘဲ ခင်ဦးမြို့နယ်မှာ Mytel တာဝါတိုင် ၉ တိုင်မြောက် ဖျက်ဆီးခံရတာလည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာ ၈၀ ကျော် ရှိပြီလို့ သိရပါတယ်။