စစ်အာဏာရှင်ဖိနှိပ်မှုအပေါ် မြန်မာပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုနဲ့ အခြေခံဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာလူထုရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်းအသိအမှတ်ပြုကြောင်း ယူကေအစိုးရက ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာထုတ်ပြန်ပါတယ်။
မြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့ ယူကေအစိုးရဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် စတာလင်ပေါင် ၁၅ ဒသမ ၃ သန်းကျော် ပံ့ပိုးကူညီခဲ့ပြီး စစ်အာဏာရှင်တွေနဲ့တကွ ပတ်သက်ဆက်စပ်သူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု (၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်တွေဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ဆက်လက်ဖိနှိပ်နေကြောင်း ယူကေအစိုးရက ပြောဆိုထားပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရသလို လူဦးရေ ၂ သိန်း၃သောင်းကျော် အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရကြောင်း ယူကေအစိုးအစိုးရက ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က နေပြည်တော် ပြည်ထောင်စုလွှတ်တော်ထဲမှာ စတင်ကျင်းပခွင့်ရခဲ့ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။
Photo Credit- မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ