နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်- PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ယောက် သေဆုံးသွားပါတယ်။
လယ်ဝေးမြို့နယ် ရှမ်းစုစစ်ဆေးရေးဂိတ်မှာ ပြည်သူတွေကိုနှိပ်စက်ပြီး စစ်ဆေးရေး ကြမ်းနေတာကြောင့် PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုရဲအုပ်တစ်ယောက် မျက်လုံးကို ကျည်ဆန်ဖောက်ဝင်ပြီးတော့ သေဆုံးသွားတာလို့ နေပြည်တော် PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အများပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ လက်ပါးစေတွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်အနေနဲ့ အမြစ်ပြတ် ချေးမှုန်းတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။