ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စည်ပင်ဝန်ထမ်းတွေက စျေးဆိုင်ခန်းခွန်တွေကို ခြိမ်းခြောက်ပြီး အခွန်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံဆိုင်ပိုင်ရှင်တဦးက “စည်ပင်ဝန်ထမ်းတွေကိုယ်တိုင် စျေးထဲ တဆိုင်ဝင်တဆိုင်ထွက် အိမ်တွေ တအိမ်တက် တအိမ်ဆင်း မျက်နှာထားမာမာနဲ့ ပေးမလား၊ မပေးဘူးလား၊ မပေးရင် ရဲနဲ့ စစ်တပ် ခေါ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ၅ လစာကို ၃ လယူထားပါ၊ ၂ လစာကို နောက်လမှ ပေါင်းပေးမယ် ပြောတာတောင် မရဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလလောက်ကစလို့ တပတ် တခါ လာကောက်နေတာဖြစ်ပြီး သဲကုန်းမြို့နယ်ထဲက နေရာအတော်များများမှာ စျေးဆိုင်ခန်းခွန်အပြင် အိမ်ခွန်၊ မြေခွန်တွေကိုလည်း အတင်းအကျပ် ကောက်ခံနေကာ စကားပြောမောက်မာပြီး ဓားပြတိုက်သလို ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။