စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကသာမြို့စခန်းကို ပြန်လာတဲ့ ယာဉ်ထိန်းရဲ ၃ ဦးကို အမည်မသိအဖွဲ့က စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲတပ်သား ၁ ဦး ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ် သန်းမျိုးဆွေ သေဆုံးပြီး တပ်သားမျိုးမြင့်အောင်ပျောက်ဆုံးနေကာ ရဲတပ်သားတစ်ဦး လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။