ခန္တီးမြို့နယ်တွင် ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် ထွက်ပြေး
DVB
·
September 8, 2021
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး စက်တင်ဘာ ၇ ရက်နေ့ က လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားခဲ့ပါတယ်။
ထွက်ပြေးတဲ့ ရဲတပ်သား ခရစ္စတိုလင်းဟာ နန်စီပွန်မှာ လုံခြုံရေးယူနေတဲ့အမှတ် ၁၆ ရဲတပ်ရင်းက ရဲတပ်သားဖြစ်ပြီး ကင်းတာဝန်ယူချိန်မှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ခန္တီးမြို့နယ် နန်းစီပွန်ဒေသမှာ ပြီးခဲ့တဲ့ ၃ လကျော်လောက်က ကေအိုင်အေက နန်းစီပွန်ရဲစခန်းကို ဝင်ရောက်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။