မကွေးတိုင်း၊ ပေါက်မြို့မှာ စက်တင်ဘာ ၅ ရက် ညပိုင်းက CDM ဝန်ထမ်းတစ်ယောက်အပါအဝင် ဒေသခံပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ကား ၄ စီး၊ ရဲကား ၂ စီး၊ အင်အားအလုံးအရင်းနဲ့ မနေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ရပ်ကွက်တွေကို ဝင်မွှေပြီးတော့ မြေစာရင်းဌာနက CDM ဝန်ထမ်းတစ်ယောက်အပါဝင် ဒေသခံပြည်သူ ၅ ယောက်ကို မတရားဖမ်းဆီးသွားတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးခံရ သူတွေကတော့ မြို့နယ်မြေစာရင်းဌာနက CDM ဝန်ထမ်း ဦးဇော်သက်မောင်၊ ဦးရန်မျိုးအောင်၊ ဦးဖြိုးသီဟမောင်၊ ဦးရာဇာစိုးနဲ့ ဦးပြည့်စုံဖြိုးတို့ ဖြစ်ပါတယ်။