မကွေးတိုင်း၊ မြို့သစ်မြို့၊ တောင်တွင်းကြီး-နတ်မောက်ကားလမ်းပေါ်မှာရှိတဲ့ မြို့သစ်မြို့နယ်စည်ပင်သာယာရေးရုံး စက်တင်ဘာလ ၄ က်နေ့ည ၇ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “ကွမ်းယာဝယ်ကပြန်လာတာ။ အသံကြားလို့ ကြည့်လိုက်တော့ စည်ပင်ရုံးထဲက မီးခိုးတွေထွက်လာတာပဲ။ အဲ့ဒါနဲ့ အိမ်တန်းပြန်လာတာ'' လို့ ပြောပါတယ်။
မြို့သစ်စည်ပင်ရုံးက ဝန်ထမ်းတွေဟာ ပြည်သူတွေကျပ်တည်းနေချိန်မှာ အခွန်အခတွေ အတင်းအကျပ်ကောက်ခံနေတာကြောင့် အခုလို ဗုံးခွဲတိုက်ခိုက်တာဖြစ်ကြောင်းနဲ့ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
မြို့သစ်စည်ပင်ဝန်ထမ်းတဦးက “ရုံးကတံခါးတွေပျက်စီးကုန်တယ်။ မှန်တွေကွဲကုန်တယ်။ ရုံးစောင့်က အထဲမှာနေတာဆိုတော့ သူ့တော့မထိဘူး။ ရုံးရှေ့မျက်စာကနံရံလည်း အက်သွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက မြို့သစ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးထူထပ်စွာချထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။