ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းမှ မကွေဇ- ခေါင်လန်ဖူး ကားလမ်းဟာ စက်တင်ဘာလ ၃ ရက်နေ့က ခေါင်လန်ဖူးမြို့အတွင်းထိ ဖောက်လုပ်ပြီးစီးနေပြီလို့ ခေါင်လန်ဖူးဒေသခံ တစ်ဦးက ပြောပါတယ်။
မကွေဇ-ခေါင်လန်ဖူး လမ်းဟာ NLD အစိုးရလက်ထက်က နယ်စပ်ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့က ခေါင်လန်ဖူးမြို့တွင်းထိ ဖောက်လုပ်ပြီးစီးတာလို့ ဆိုပါတယ်။
ဝေးလံခေါင်ဖျား မကွေဇ-ခေါင်လန်ဖူးလမ်းဟာ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးခုနှစ်မှာ နိုင်ငံတော်ဘတ်ဂျတ် ဘီလီယံ ၂၀ ၀န်းကျင် ချမှတ်ခဲ့ပြီး အကောင်အထည်ဖော်ခဲ့တာလို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အခက်ခဲရှိနေတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။