Home
မြန်မာသတင်း
ထားဝယ်ခရိုင် ၃ မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
DVB
·
September 1, 2021
240240499_191237586405915_23945777711717362_n
240088548_191225019740505_8132476962088078989_n
240011772_191237479739259_4601733714857596542_n
240932373_191224926407181_3882459425105988581_n
240761889_191225106407163_564769160597758891_n
240587894_191237509739256_6003525658735785772_n
240555299_191237406405933_3934068714799453213_n
240537263_191231066406567_7816719644111462698_n
240527228_191230916406582_8371807551782558276_n
240487108_191225066407167_3478683897581410664_n
240481242_191237446405929_7345785551581615746_n
240471771_191237549739252_3784518353420376739_n
240458249_191231023073238_6176162186042849698_n
240260804_191230846406589_8734133890949861675_n
240259352_191224969740510_3679129211481487718_n

စစ်အာဏာရှင်ဆန့်ကျင့်ရေး ထားခရိုင် ထားယ်၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ထားဝယ်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ဖိနှိပ်မှုများစွာရှိနေနေပေမယ့် ဒီနေ့ နေ့လယ်ပိုင်းမှာ လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ထားဝယ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အပြင်ထွက်ခွင့်ကတ်ပြားတွေ သတ်မှတ်ပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်ကာ ဖိနှိပ်ချုပ်ခြယ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်မှာ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကျောင်းသူ/သားတွေ ပူးပေါင်းပြီး “အာဏာရှင်တွေရဲ့ လက်အောက် တော်လှန်သူတို့ ဒူးမထောက်၊ ပြည်သူ့စစ်သား ရဲဘော်များအား ကြိုဆိုပါ၏” စတာတွေ ကိုင်ဆောင်ကာ   စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖယ်ဒရယ် ဒီမိုကရေစီရရှိရေးတို့အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်တွေကလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုနည်းလမ်းနဲ့ နေ့စဉ် ဆန္ဒပြနေကြပါတာပါ။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းမှာလည်း လူငယ်တွေက “တော်လှန်ရေးဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူး၊ ကျွန်စိတ်မရှိဖို့ပဲလို့တယ်၊ အနာဂတ်မှာ အာဏာရှင်စနစ်မှန်သမျှ လုံးဝမရှိစေရ” စတဲ့ပိုစတာတွေကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ဓာတ်ပုံ - DMSC-Dawei

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024