စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဩဂုတ် ၃၁ ရက်နေ့မနက်မှာ ပြည်သူ ၉ ဦးကို ကြိုးတုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ညနေပိုင်းလောက်မှာ တန့်ဆည်မြို့နယ် လိပ်ခြံရွာက ရွာသားတွေကို ဖမ်းဆီးခဲ့ပြီး ကျနော်တို့ တန့်ဆည်မြို့ထဲ ကြိုးတုပ်ပြီး ခေါ်ဆောင်လာတာတွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ ပြည်သူ ၉ ဦးကို တန့်ဆည်မြို့ကနေ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
“ကျနော်တို့အထင်တော့ သူတို့မုံရွာပြန်မယ့်လမ်းမှာ PDF တွေ တိုက်ခိုက်မှာစိုးရိမ်ပြီး ပြည်သူ ၉ ဦးကို ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားတယ်။”