စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းမပေါ် က ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ရေကျော်ခဲ့တယ်လို့ မြင်းမူမြို့နယ်မီးသတ်စခန်းကနေ သိရပါတယ်။
မြင်းမူမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာ တချို့မှာ ရေအနည်းငယ်ဝင်တာတွေလည်း ရှိခဲ့ပြီး မြင်းမူမြို့နယ်မီးသတ်စခန်းနဲ့ မြို့မအရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေ ပြည်သူတွေ သွားလာရေအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
မြင်းမူမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၀ ရက်က ၁၀၉၁ စင်တာမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၂ပေခန့် (၅၉ စင်တီမီတာ)အလိုမှာ ရောက်ရှိနေတာပါ။
သြဂုတ် ၂၉ ရက်က မြင်းမူမြို့ တောင်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်းမှာ အရှည်ပေ ၁၀၀ခန့် မြစ်ကမ်းပါးပြိုကျခဲ့ရာ ယင်းနေရာမှာ ယာယီမြေထိန်းနံရံပြုလုပ်ထားပါတယ်။
Photo - မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန