Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ်တွင် လူငယ် ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ
DVB
·
August 29, 2021
240914565_346479507261537_2190474524316055467_n

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက် ၈၆ ဂိတ်ဟောင်းအနီး အနော်ရထာလမ်းမကြီးမှာ သြဂုတ် ၂၈ ရက်ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီရဲ့ အရပ်ဝတ်လက်နက်ကိုင်တွေက လူငယ် ၂ ဦးအား ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သေနတ်ပစ်သံ ၄ ချက်လောက်ကြားလိုက်ရတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ မကြာဘူး အရပ်ဝတ် နဲ့ လက်နက်တွေကိုင်ထားတဲ့သူတွေ တွေ့ရတယ်။ ယူနီဖောင်းတွေမဝတ်ထားဘူး အရပ်ဝတ်တွေနဲ့ပစ်ဖမ်းတာ။ လူငယ် ၂ ယောက်ကိုဖမ်းတာ။ ၂ ယောက်လုံး ဖမ်းမိသွားပြီး ၁ ယောက်ဒဏ်ရာရသွားတယ်။ ဘာလို့ဖမ်းတယ်ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်တွင်း သြဂုတ်လ ပထမပတ်ကစပြီး မကြာခဏ ဆိုသလို ပစ်ခတ်သံတွေ ထွက်ပေါ်နေခဲ့သလို နေ့ညမပြတ်ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024