Home
မြန်မာသတင်း
အရာတော်မြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 26, 2021
239406727_1195689114240806_4167334218379087875_n
239400221_1195689060907478_8632039723143612563_n
240665858_1195689024240815_133348605690810281_n
240654028_1195688880907496_5731952331908544121_n
240629893_1195688977574153_3588218560287398779_n
239473811_1195688927574158_1137898294070286852_n
239457491_1195689220907462_4810661739967085460_n
239445491_1195689157574135_8892898107392496254_n

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ ကြွေပုဂံရွာကို ဝင်ရောက်ဖျက်ဆီးပြီးပြန်လာတဲ့ စစ်ယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက် မနေ့လယ်ပိုင်းက အရာတော် တော်လှန်ရေး အင်အားစုအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကြွေပုဂံကျေးရွာက ရွာသူရွာသားတွေကို ဖမ်းဆီးပြီး စားနပ်ရိက္ခာတွေနဲ့ ရွားသာားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အဓမ္မလုယက်ယူဆောင်သွားပြီးနောက် အပြန်လမ်းမှာ  မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့တော်လှန်ရေး အင်အားစုအဖွဲ့က ဆွဲမိုင်း ၅ လုံးနဲ့တိုက်ခိုက်တယ်၊ စစ်ပွိုင့်ကား တစ်စီး ထိပြီး ပက်လက်လန်သွားတယ်။ ပါတဲ့သူအားလုံးကတော့ ထိခိုက် အကျအဆုံးရှိတယ်။ အခုလုပ်ရပ်မှာ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး မိုင်းငါးလုံးဆွဲတာ နှစ်စီး သုံးစီးလောက်ထိ မယ်မှန်းခဲ့တာ ထင်သလောက်ဖြစ်မလာခဲ့ဘူး၊ တစ်စီးပဲထိခဲ့လို့ သိပ်အားမရဘူးပေါ့။ ကြွေပုဂံရွာ အတွက် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ပြန်လည်လက်တုံ့ပြန်ခဲ့ တာပါ”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က  ကြွေပုဂံရွာမှာ ရွာသူရွာသား ၁၀ ယောက် ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြပြီး ဆိုင်ကယ် ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ  တချို့ဆိုင်ကယ်တွေကိုရိုက်ခွဲကြတဲ့အပြင် ဆန်၊ ဆီ ၊ ပဲ၊ ပိုက်ဆံနဲ့ ဖုန်း ၁၀ လုံးကျော်လည်း ယူသွားကြပြီး ရွာသားတွေ ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေ စားသောက်ပြီး ပြန်ထွက်သွားကြတာ ဖြစ်တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

အရာတော်မြို့နယ်မှာ လေ့ကျင့်ရေး ၁၀ နဲ့ ၅၀၀၄ တင့်ကားတပ် စစ်တပ် နှစ်တပ်ရှိပြီး စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024