Home
မြန်မာသတင်း
"နိုင်သလောက်လေးလှူ စာအုပ်လက်ဆောင်ယူ လိုအပ်နေသူများကိုလက်တွဲကူ” ကမ်ပိန်းပြုလုပ်
DVB
·
August 26, 2021
240597297_2166453143510327_7075206818945336262_n

ရွှေပြည်သာကျောင်းသားကျောင်းသူများ ပရဟိတကွန်ယက်က ဩဂုတ်လ ၂၅ ရက်ကစပြီး ကွန်ယက်ကိုလာရောက်လှူဒါန်းပေးသူတွေကို မေတ္တာလက်ဆောင်အဖြစ် ကြိုက်နှစ်သက်တဲ့ စာအုပ်လက်ဆောင်ပေးတဲ့ အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။

“နိုင်သလောက်လေးလှူ စာအုပ်လက်ဆောင်ယူ လိုအပ်နေသူများကို လက်တွဲကူ” လို့ အမည်ပေးထားတဲ့ ဒီကမ်ပန်းမှာ  သုတ၊ ရသ ၊ဂန္တ၀င်၊ အောင်မြင်ရေး၊  စိတ်ဓာတ် မြှင့်တင်ရေး၊ ဘာသာရေး၊ အချစ်ရေး ၊‌ ပဟေဠိ ဉာဏ်စမ်း ၊နည်းပညာ စတဲ့ စာအုပ်တွေထဲက မှ ကြိုက်နှစ်သက်ရာ ရွေးယူနိုင်မှာဖြစ်ပြီး စာအုပ်တွေ ကုန်သွားတဲ့အထိ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ စာအုပ်တွေကို ပိုနေလို့ လက်ဆောင်ပေးတာ မဟုတ်ပဲ ကွန်ယက်မှ လူငယ်လေးတွေ စုဆောင်းထားတဲ့ စာအုပ်တွေကို လက်ဆောင်ပြန်ပေးတာဖြစ်ပြီး တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြပါ”လို့  အသင်းမှ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံ ပြောပါတယ်။

ရွှေပြည်သာ ကျောင်းသားကျောင်းသူများ ပရဟိတကွန်ယက်ဟာ ကျောင်းသားကျောင်းသူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လတ်တလောမှာတော့ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ သူတွေကိုလည်း  ကူညီပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024