လက်နက်အပြည့်အစုံနဲ့ CDM လုပ်လာတဲ့ တပ်မတော်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူပြီး ကျပ်သိန်း ၅၀ ဆုငွေထောက်ပံ့မယ်လို့ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
အာဏာလု အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေဘဝက ရုန်းကန်လွတ်မြောက်လိုတဲ့ ရဲဘော်တွေဟာ လက်နက်အပြည့်အစုံနဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ လာရောက်ရင် နွေးနွေးထွေးထွေး ကြိုဆိုတယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။
လုံခြုံရေးတာဝန်ယူသလို ပြည်ပ ဒါမှမဟုတ် သွားချင်တဲ့နေရာကို သွားနိုင်အောင်လည်း စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါဝင် ယောနယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို နေ့စဉ် တိုက်ခိုက်နေပြီး မနေ့ကလည်း စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်လို့ စစ်သား ၁၅ ယောက်လောက် သေဆုံးခဲ့ပါတယ်။