Home
မြန်မာသတင်း
မြန်မာပြည်မြောက်ဘက်အစွန်ဆုံး နောင်မွန်မြို့တွင် အရေးပေါ်အောက်ဆီဂျင်အိုးများ လိုအပ်နေ
DVB
·
August 25, 2021
239791244_2924512814543324_3913504640537165483_n

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်လူနာတွေနဲ့ တခြားအရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေ လိုအပ်နေတယ်လို့ နောင်မွန်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"နောင်မွန်မြို့ပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင်အိုးက လောလောဆယ်တစ်လုံးပဲရှိပါတယ်။ အဲတာကြောင့် ကိုဗစ်လူနာတွေအတွက်သာမကဘူး တခြားအရေးပေါ်လူနာအတွက် အောက်ဆီဂျင်အိုးများ မဖြစ်မနေ လိုအပ်ပါတယ်။ ဆက်သွယ်ရေးနဲ့ အစစအရာရာ ခက်ခဲတဲ့ဒေသဖြစ်တဲ့အတွက် စေတနာရှင်တွေရဲ့အကူအညီ လိုအပ်နေပါတယ်။"

နောင်မွန်မြို့နယ်ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဟာ 2G သာ ရရှိသေးတဲ့ဒေသဖြစ်တဲ့အတွက် အချိန်နဲ့တပြေးညီ ဆက်သွယ်သတင်းပေး၊ သတင်းယူနိုင်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။

နောင်မွန်မြို့နယ်မှာ ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း ၃ ဦးနဲ့ စောင့်ကြည့်သံသယလူနာ ၁၅ ဦးရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024