Home
မြန်မာသတင်း
တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လာပူးပေါင်းလျှင် သိန်း ၅၀​ ပေးမည်ဟု PPDF ကြေညာ
DVB
·
August 24, 2021
240586795_2649280882040023_1807273504021513714_n
PPDF

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေဘဝကနေ ရုန်းထွက်ပြီး လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ငွေကျပ် သိန်း ၅၀ ပေးမယ်လို့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က  သြဂုတ် ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို စက်ဆုပ်ရွံရှာပြီး ပြည်သူနဲ့လာရောက် ပူးပေါင်းချင်သူတွေရှိနေပေမယ့် လုံခြုံရေးတင်းကျပ်ထားပြီး ထွက်မလာနိုင်တဲ့ သူတွေရှိနေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ရတာလို့ PPDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လက်နက်အပြည့်အစုံပါမှသာ သိန်း ၅၀ ကျပ် ထောက်ပံ့ပေးမှာဖြစ်ပြီး လက်နက်မပါဘဲ လာရောက်ပူးပေါင်းတဲ့သူတွေကိုလည်း နွေးထွေးစွာ ကြိုဆိုပြီး လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024