မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ သြဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်အုပ်စုပြုတ်ကျရေးအတွက် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အခြေခံပညာအထွေထွေ သပိတ်ကော်မတီနဲ့ အနောက်တောင်ပိုင်းဇုန်က ဒေသခံပြည်သူ ရာနဲ့ချီပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက် ဆန္ဒပြခဲ့ကြတာလို့ သပိတ်ကော်မတီအဖွဲဝင်တစ်ယောက်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ လူသတ်အကြမ်းဖက်စစ်အုပ်စုရဲ့အုပ်ချုပ်တာကို လုံးဝလက်မခံဘဲ ဝန်ထမ်းတွေလည်း CDM ပြုလုပ်နေကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေပူးပေါင်းပြီး တော့ ဟန်ချက်ညီညီနဲ့တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲသွားမယ်ဆိုရင် မကြာခင်မှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိလာမှာဖြစ်တယ်လို့ လည်း သပိတ်ကော်မတီက ပြောပါတယ်။
မြိုင်မြို့နယ် ဒေသခံတွေအနေနဲ့ NUG အစိုးရသာ ပြည်သူ့အစိုးရအဖြစ် ထောက်ခံပြီးတော့ စစ်အာဏာရှင် ပြုတ်ကျရေး နေ့စဥ်ရက်ဆက် ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။