Home
မြန်မာသတင်း
မိုးကုတ်မြို့က လူဦးရေ ၁၀၀ ဝန်းကျင်နေသည့် ၁၂ အိမ်တန်း မြေပြိုမည့်အန္တရာယ်ရှိနေ
DVB
·
August 12, 2021
229888014_811786906062009_6859205091235833050_n (1)

မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၂ ရက်နေ့က မိုးရွာသွန်းတာကြောင့် ညောင်သုံးပင်ရပ်ကွက် လူဦးရေ ၁၀၀ ဝန်းကျင်ထိုင်တဲ့ ၁၂ အိမ်တန်းမှာ မြေနေရာ အက်ကြောင်းလိုက်ပြီး ပြိုကျမယ့်အန္တရာယ် ကြုံတွေ့နေရတယ်လို့  လက်ရှိ နေထိုင်နေသူတွေက ပြောပါတယ်။

အဲဒီ မြေဟာ ဖို့မြေဖြစ်ပြီး အရင်နှစ်ကတည်းက မိုးဆက်တိုက်ရွာချိန် မြေပြိုမှုတွေဖြစ်ခဲ့ပြီး နေအိမ် ထဲအထိ အက်ကြောင်းတွေလိုက်နေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မနက်ပိုင်းမှာ လူနေအိမ်မရှိတဲ့ အခြမ်းမှာမြေပြိုခဲ့ပြီး နောက်ထပ် မိုးထပ်ရွာပါက ၁၂ အိမ်တန်းရှိတဲ့နေရာမှာ မြေထပ်ပြိုနိုင်တယ်လို့ သိရပါတယ်။

၁၂ အိမ်တန်းမှာ နေထိုင်သူတစ်ဦးက “မြို့မိမြို့ဖကို အကူညီတောင်းတယ်၊ ရာအိမ်မှူးနဲ့ တိုင်ပင်ခိုင်းတယ်၊ ရာအိမ်မှူးက ဘေးလွတ်ရာကို ရှောင်နေခိုင်းတယ်။ အရင်နှစ်ကနေ သက်ဆိုင်ရာကိုစ ာတင်ထားတယ်၊ မလုပ်ပေးသေးဘူး။ ခုက ကိုယ့်ဘာသာပဲ စီမံပြီး နေရာရှာရတော့မယ့် အခြေနေရောက်နေတယ်” လို့ ပြောပါတယ်။

မြေပြိုမယ့်အန္တရာယ်ကြုံနေရတဲ့ ၁၂ အိမ်တန်းမှာ နေထိုင်တဲ့ လူဦးရေ ၁၀၀ ဝန်းကျင်ဟာ အခြားမှာ ပြောင်းရွှေ့နေထိုင်ဖို့ သက်ဆိုင်ရာက အကူအညီ မပေးတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက "အိမ်နေရာက မနှစ်ကတည်းက မိုးနည်းနည်းရွာတာနဲ့ ပြိုသေးတယ်၊ မြေကြီးတွေအိတ်ထဲထည့်ပြီး စီထားတာ၊ မိုးရာသီရောက်လို့ မိုးကြီးရင် အကုန်ပြိုသွားနိုင်တယ်” လို့ ပြောပါတယ်။

မိုးကုတ်​မြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း မိုးရေချိန် ၂ လက်မကျော် နှစ်ရက်ဆက်တိုက်ရွာသွန်းတာကြောင့် ရပ်ကွက်အချို့ရေကြီးပြီး မြေပြိုတာကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024