ကိုးရက်အတွင်း ဒလန် ၁၆ ယောက်အပါအဝင် စုစုပေါင်း ၃၅ ယောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၃ ရက်ကနေ့ ဒီကနေ့ ၁၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ချက်အနေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၇ ယောက်၊ ဒလန် ၁၆ ယောက်၊ စစ်တပ်ကျောထောက်နောက်ခံပျူစောထီးအဖွဲ့ဝင် ၈ ယောက်တို့အပါအဝင် စုစုပေါင်း ၃၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ဟာ မြန်မာနိုင်ငံတဝှမ်း မြို့တွေမှာ အကြမ်း ဖက်စစ်ကောင်စီယန္တရားတွေ လည်ပတ်နိုင်ရေး ထောက်တိုင်တွေအနေနဲ့ ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုနေတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ပျူစောထီး အဖွဲ့ဝင်တွေ၊ ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်အရ ဩဂုတ် ၁၀ ရက်နေ့အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။