Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့်ဆက်နွှယ်နေသည့် Kirin ဂျပန်ဘီယာကုမ္ပဏီအရှုံးပေါ်
DVB
·
August 11, 2021
https3A2F2Fs3-ap-northeast-1.amazonaws.com2Fpsh-ex-ftnikkei-3937bb42Fimages2F82F92F52F62F35826598-1-eng-GB2F2013-01-23T000000Z_693354425_GM1E91N162901_RTRMADP_3_KIRIN-ASIA

ဂျပန်အဖျော်ယမကာကုမ္ပဏီကြီး  Kirin Holdings လို  မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ပြည်ပကုမ္ပဏီတွေဟာ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး  မြန်မာ့ နိုင်ငံရေးမရေရာမှုတွေ ပိုမိုဆိုးရွားလာခဲ့ပြီး ဈေးကွက် မတည်ငြိမ်မှုတွေကြောင့်  အရှုံးပေါ်နေပါတယ်။

Kirin Holdings ကုမ္ပဏီဟာ မြန်မာ့စီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့ သူ့ရဲ့ဘီယာထုတ်လုပ်မှုလုပ်ငန်းတွေကနေ ဇွန်လအထိ ဒုတိယသုံးလပတ်အတွက် ဂျပန်ယန်း ၂၁ ဒသမ ၄ ဘီလီယံကျော် (ဒေါ်လာ ၁၉၃ သန်း) ဆုံးရှုံးခဲ့ပါတယ်။

Kirin Holdings ကုမ္ပဏီကတော့  သူ့ရဲ့ ဘီယာလုပ်ငန်းကို ဖျက်သိမ်းဖို့ ဖိအားပေးခံရပေမယ့် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ တိုရုယိုရှီမူရာက ပြောပါတယ်။

မြန်မာ ပြည်တွင်းစီးပွားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း အကြီးတန်းအမှုဆောင်အရာရှိက ပြောကြားခဲ့ပါတယ်။ 

 Kirin ဟာ ဘီယာထုတ်လုပ်တဲ့ကုမ္ပဏီနှစ်ခုဖြစ်တဲ့ မြန်မာဘီယာနဲ့ မန္တလေးဘီယာတို့မှာ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။ အဲ့ဒီကုမ္ပဏီ ၂ ခုရဲ့ ကျန်တဲ့ရှယ်ယာရာခိုင်နှုန်းတွေကို မြန်မာစစ်တပ်အတွက် လူမှုဖူလုံရေးရန်ပုံငွေအဖြစ် ဆောင်ရွက်နေတဲ့ လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်က ပိုင်ဆိုင်ထားပါတယ်။

ထိပ်တန်းစစ်ဘက်အရာရှိကြီးတွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ တခြားကုမ္ပဏီတွေနဲ့အတူ မြန်မာ့စီးပွားရေးဦးပိုင်ကိုလည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဒဏ်ခတ်အရေးယူထားပါတယ်။ မြန်မာပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့  မြန်မာဘီယာတံဆိပ်ဟာ သပိတ်မှောက်ဖို့ပစ်မှတ်ဖြစ်လာပြီး စားသောက်ဆိုင် တော်တော်များများက မြန်မာဘီယာကို ရောင်းချတာကိုလည်း ရပ်ဆိုင်းလိုက်ကြပါတယ်။

ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းတာနဲ့ ကိုဗစ်-၁၉ ပြန့်ပွားမှုတွေကြောင့် အခုနှစ် ပထမခြောက်လအတွင်း ရောင်းအား ၁၅၂ ဘီလီယံ  (ဒေါ်လာ ၉၂ ဒသမ ၃ သန်း) ကျဆင်းခဲ့ပါတယ်။ မြန်မာဘီယာဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ အဆုံးသတ်မယ့်နှစ်အတွက် သူ့ရဲ့ခန့်မှန်းခြေဝင်ငွေစာရင်းကို ငွေကျပ် ၄၈၉ ဘီလီယံကနေ ၂၉၀ ဘီလီယံအထိ ပြန်လည်လျှော့ချ သတ်မှတ်ခဲ့ပါတယ်။

ပုံမှန်လည်ပတ်နေတဲ့ အမြတ်ငွေကိုလည်း ငွေကျပ် ၂၀၂ ဘီလီယံ ကနေ ၈၇ ဘီလီယံ အထိလျှော့ချခဲ့ပါတယ်။

Kirin Holdings ကုမ္ပဏီဟာ ဖေဖော်ဝါရီလတုန်းက သူ့မှာ ရွေးချယ်စရာမရှိပေမယ့် သူနဲ့ မြန်မာ့စီးပွားရေးဦးပိုင်တို့ရဲ့ ဖက်စပ်အကျိုးတူပူးပေါင်းမှုကို အဆုံးသတ်ရတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ သိသာထင်ရှားတဲ့ တိုးတက်မှု တစ်ခုမှ မလုပ်ဆောင်ခဲ့ဘူးလို့ နစ်ကေးအေးရှားသတင်းမှာ ရေးထားပါတယ်။ ကုမ္ပဏီဟာ မြန်မာစီးပွားရေးဦးပိုင်ရဲ့ရှယ်ယာတွေကို Kirin  သို့မဟုတ် စစ်တပ်နဲ့ မသက်ဆိုင်တဲ့ ပြည်တွင်းကုမ္ပဏီတွေဆီကို ရောင်းချဖို့ မြန်မာ့စီးပွားရေးဦးပိုင်ကို တောင်းဆိုပြောကြားဖို့ စီစဉ်ထားပေမယ့် တရားဝင် ဆွေးနွေးညှိနှိုင်းမှု မလုပ်ရသေးဘူး လို့ Kirin  ဘီယာကုမ္ပဏီ တာဝန်ရှိ ပုဂ္ဂိုလ်တယောက်က ပြောကြားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024