ဂန့်ဂေါ-ကလေးလမ်းမှာ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က ထုတ်ပြန်ပါတယ်။
ဂန့်ဂေါ-ကလေး လမ်းမပေါ်မှာ စစ်ယာတန်း ၃ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆုံးကား မိုင်းထိမှန်ကာ ကားရှေ့မှန်နဲ့ ဘေးတစ်ခြမ်းလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ YDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။