ပြည်သူလူထုဟာ ရန်သူမဟုတ်ပါ။ အလိုမတူရင်ရန်သူဟု သတ်မှတ်ပြီး ကိုဗစ်-၁၉ ပြန့်ပွားနေချိန် အကြမ်းဖက်တာကို ချက်ချင်းရပ်ပေးဖို့ ပူတာအို PDFဘက်က ဩဂုတ် ၄ ရက်က သဘောထား ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်အတွင်းက ပူတာအိုခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီဘက်က ဒေသခံ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ပူတာအို PDFဘက်ကိ အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
ပူတာအိုခရိုင်မှာ ကိုဗစ်လူနာ တစ်ရက်တစ်ခြားတိုးလာလို့ ပူတာအိုလူငယ်တွေ၊ ပရဟိတ အသင်းတွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ ကိုဗစ်ထိန်းချူပ်ရေး ကြိုးပမ်းနေချိန် စစ်ကောင်စီဘက်က မြို့ပတ်ကာ လူငယ်တွေကို ဖမ်းဆီးတာ၊ လိုက်လံရှာဖွေတာစသဖြင့် အမျိုးမျိုး နောက်ယှက်နေတဲ့ လုပ်ရပ်ကို ချက်ချင်းရပ်ဖို့ နဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ပူတာအိုမှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ၀န်းကျင်ခန့်ရှိပြီး သေဆုံးသူ ၂ ဦး ရှိနေပါတယ်။
ဖေနောင်းအောင်(ပူတာအို)