Home
မြန်မာသတင်း
ရေးမြို့နယ်တွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူသစ် ၈၅ ဦး၊ သေဆုံးသူ ၆ ဦးရှိ
DVB
·
August 4, 2021
477825-225760294_127602679534505_989595309882512948_n-730x365

မွန်ပြည်နယ်  ရေးမြို့နယ်မှာ  သြဂုတ် ၃ ရက်နေ့က   ကိုဗစ်-၁၉ အတည်ပြုလူနာသစ်   တရက်တည်း ၈၅ ဦး စံချိန်တင်တွေ့ရှိပြီးတော့ ၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတ သမားတွေက ပြောပါတယ်။

“ပိုးတွေ့ကူးစက်မှုနှုန်းက မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးပဲ။ ကျေးရွာပေါင်း ၁၅ ရွာလောက်မှာ ပိုးတွေ့လူနာတွေ နေ့စဉ် တွေ့ရှိလာပြီ။  ရွာတွေဘက်မှာတော့ လော့ဒေါင်းက ချထားသော်လည်း ရောဂါက မထိန်းချုပ်နိုင်ဘဲ ပိုးကူးစက်မှုက မြေပြင်မှာ ဘယ်အထိ ဆက်ပြီး ကူးစက်ခံနေရမလဲ ဆိုတာ ဘယ်သူ့မှ မခန်းမှန်းနိုင်သေးပါဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

အခုပိုး တွေ့တဲ့သူတွေထဲမှာ သံဃာတွေမှာလည်း ကူးစက်ထားခံရပြီး ရောဂါခံရှိကြတဲ့ သက်ကြီးရွယ်အိုတွေမှ်တော့ ရောဂါပြင်းထန်ပြီး သေဆုံးမှုတွေ မြင့်တက်နေတယ်လို့ စေတနာ့ဝန်ထမ်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ရောဂါ ပိုမိုကူးစက်နှုန်းက ဆက်လက် အရှိန်မြှင့်နေဆဲဖြစ်ပြီး ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေခဲ့တာကြောင့် လူနာတွေ နေအိမ်မှာပဲ ကုသနေကြရတယ်လို့ ဆိုပါတယ်။

ဆေးရုံမှာလည်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း စေတနာ့ဝန်ထမ်းတွေမှာလည်း မနိုင်နင်းကြဘူးလို့ ဆိုပါတယ်။

လတ်တလော ကုသရေး အထောက်အကူပြု ပစ္စည်းတွေနဲ့ ဆေးဝါးကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်း တွေလည်း လိုအပ်ချက်တွေ ရှိတယ်လို့  ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကုသနေတဲ့ မိသားစုဝင်တွေ၊ အခြေခံ လူတန်းစားအများစုမှာလည်း အရေးပေါ် ဆေးဝါးနဲ့ စားသောက်ရေး အကူညီလိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။

ရေးမြို့နယ်မှာ ဒီနေ့အထိ  ကိုဗစ်လူနာ ၇၆၅ ဦး အထိရှိပြီး ကျန်းမာရေး ပြန်ကောင်းမွန် လာသူ  ၂၄၇  ဦး ရှိကာ  သေဆုံးသူပေါင်း  ၅၈ ဦးအထိ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024