KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှာ စစ်ရေးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ် စောနေစိုးမြဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ဩဂုတ် ၃ ရက် ညက ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ဗိုလ်ချုပ် စောနေစိုးမြဟာ ထိုင်းဒေသစံတော်ချိန် မနေ့ည ၁၀ နာရီခွဲမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အင်တာနေရှင်နယ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပါတယ်။
ဗိုလ်ချုပ်စောနေစိုးမြဟာ ကရင့်အမျိုးသားတော်လှန်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေခွဲထွက်သွားတဲ့ ဗိုလ်ချုပ်ထိန်းမောင်ဦးဆောင်တဲ့ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှာ ဗိုလ်ချုပ်စောနေစိုးမြက စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်သွားတာဖြစ်ပါတယ်။
KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ ကရင်လက်နက်ကိုင်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
Photo Credit- Nawtayar