ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာပြည်ကိုပြန်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို တစ်လကျော်ကြာ ပိတ်ထားတဲ့ပြီးနောက် သြဂုတ် ၁ ရက်နေ့မှာပြန်လည်စတင်လက်ခံနေပါတယ်။
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ကနေ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀၀ လောက်ကို ဒီကနေ့ စတင် တင်လွဲပြောင်းပေးတာဖြစ်ပြီး ဒီအထဲက ကရင်ပြည်နယ် နေထိုင်သူအတွက်ကတော့ ကိုဗစ်ကူးစက်မှုရှိမရှိ ၁၀ ရက်တာစောင့်ကြည့်ခံရမှာဖြစ်ပါတယ်။
ကျန်သူတွေဟာလည်း သူတို့နေထိုင်ရာ သက်ဆိုင်ရာ ဒေသတွေရှိ ကိုဗစ်စောင့်ကြည့်စင်တာတွေမှာ ၁၄ ရက်နေထိုင်ကြရမှာဖြစ်ပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှာ တစ်ရက်ခြား တစ်ရက်ကလျှင် အယောက် ၂၀၀ လက်ခံသွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က စပြီး မြန်မာဘက်က နေရပ်ပြန်ရွှေပြောင်းအလုပ်သမား လက်ခံတာကို ရပ်ဆိုင်းခဲ့တဲ့အတွက် ထိုင်းနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် သောင်တင်ဒုက္ခရောက်ကြပြီး အချုပ်ခန်းမှာလည်း ကျန်းမာရေးအစောင့်ရှောက်မှု အဆင်မပြေတာနဲ့ ကိုဗစ်ကူးစက်မယ့်အန္တရာယ်နဲ့ ကြုံနေကြရပါတယ်။