Home
မြန်မာသတင်း
မြင်းခြံခရိုင်တွင် ကိုဗစ်အတည်ပြုလူနာ ၂၉၀၀ ကျော်နှင့် သေဆုံးသူ ၁၀၇ ဦးရှိလာ
DVB
·
July 31, 2021
Ngan Zun Hospital
COVID-19 Myin Gyan
Nwar Htoe Gyi Hospital

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ၄ မြို့နယ်မှာ   ဇူလိုင် ၃၀ ရက်ထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၀၆ ဦးနဲ့ သေဆုံး ၁၀၇ ဦးရှိပြီလို့ ဒေသတွင်း ပရဟိတအသင်းတွေဆီက သိရပါတယ်။

မြင်းခံမြို့နယ်မှာ အတည်ပြုလူနာ ၅၃၂ ဦးနဲ့ သေဆုံးသူ ၅၀၊ တောင်သာမြို့နယ်မှာ အတည်ပြုလူနာ ၇၂၇ ဦးနဲ့ သေဆုံးသူ ၂၀၊ ငါန်းဇွန်မြို့နယ်မှာ အတည်ပြုလူနာ ၄၃၁ ဦးနဲ့ သေဆုံးသူ ၂၀၊ နွားထိုးကြီးမြို့နယ်မှာ အတည်ပြုလူနာ ၁၂၁၆ ဦးနဲ့ သေဆုံးသူ ၁၇ ဦး ရှိပြီလို့ ဆိုပါတယ်။

မြင်းခြံခရိုင်အတွင်း နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တို့ကို  Stay   At   Home  သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024