Home
မြန်မာသတင်း
သိန္နိမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦး ထပ်တွေ့
DVB
·
July 29, 2021
208240254_909240199936254_8239163222496825668_n
206668230_909240043269603_1335576550876564834_n
201375384_909239723269635_2845198194114993088_n
188336031_909239953269612_7713979842860061586_n
185262559_909239816602959_7260360264088806894_n

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နိမြို့မှာ ဇူလိုင် ၂၈ ရက်က သံသယလူနာတွေကို ကိုဗစ် - ၁၉ ရောဂါပိုးရှိ ၊ မရှိ စစ်ဆေးရာက အတည်ပြုလူနာ ၁၀ ဦး ထပ်မံ တွေ့ရှိခဲ့ပါတယ်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူတွေ များပြားလာတဲ့ အတွက် မြို့နယ်ပြည်သူဆေးရုံကနေ သံသယလူနာ ၈၇ ဦးကို ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာက အတည်ပြုလူနာ ၁၀ ဦးကို ၁ ရက်တည်း အများဆုံးတွေ့ရှိခဲ့တာပါ။

သိန္နိမြို့မှာ ဇွန် ၂၁ ရက်ကနေ စတင်ပြီး အတည်ပြုပိုးတွေ့ရှိခဲ့ရာက ရောဂါကူစက်ခံရသူ ၄၁ ဦး၊ ကိုဗစ်အတည်ပြု သေဆုံးသူနဲ့ သံသယသေဆုံးသူ ၆ ဦးရှိပြီးလို့ မြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

"မြို့မှာက အတည်ပြုပိုးတွေ့သူနဲ့ သေဆုံးသူတွေ များလာတယ်။ ဆေးရုံမှာ သံသယ လူနာတွေကို ကိုဗစ်ရှိ၊ မရှိစစ်ဆေးလိုက်တာ ၁၀ ဦးတွေ့တယ် "လို့ ဆိုပါတယ်။

ကိုဗစ်လူနာတစ်ဦးက "နေမကောင်းဖြစ်လို့ ဆေးရုံသွားပြတာ  ကိုဗစ်စစ်လိုက်တော့  ပိုးတွေ့တယ်။ ဆွေမျိုးတစ်ယောက် ကိုဗစ်ဖြစ်တာ မသိလိုက်ဘူး။ ဝင်ထွက် သွားလာရင် ကူးတာ"လို့ ဆိုပါတယ်။

အတည်ပြုသေဆုံးသူ၊ သံသယသေဆုံးသူနဲ့ ဆက်စပ်ထိတွေခဲ့သူတွေကို မေးမြန်းစုံစမ်းမှု မရှိသလို ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ မရှိတဲ့အပြင် တိကျတဲ့သတင်း ထုတ်ပြန်ချက်တွေ မရှိလို့ မြို့နယ် စစ်ကောင်စီ ကိုဗစ်ကော်မတီကို ဒေသခံတွေက ဝေဖန်နေကြပါတယ်။

မြို့နယ်စည်ပင်က ပါဆယ်စနစ်သာရောင်းချဖို့ သတိပေးထားပေမဲ့ စစ်ကောင်စီရဲ့ တပ်၊ ရဲ ၊ ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တချို့မှာ တာဝန်ရှိသူ တွေကိုယ်တိုင် ဆိုင်ထိုင်စားသောက် နေတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024