စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းတို့က ကျေးလက်ပြည်သူ စုပေါင်းလုပ်တဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက် မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်က ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ပြော ပါတယ်။
ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို ဆားလင်းကြီးမြို့နယ် ဂုဏ်တောကျေးရွာအနီးမှာ စစ်ကောင်စီတပ်က သေနတ်တွေ ပစ်ဖောက်ပြီး ဖြိုခွဲခဲ့သလို ကျေးရွာအတွင်းတွေအထိ လိုက်လံ ပစ်ခတ်နေကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့သူ တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပြီး ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေစာရင်းကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။